Friday, February 6, 2015

Downgrade Any iOS For All iDevices

Downgrade Any iOS For All iDevices


Apple ရဲ့  product တွေကိုသုံးရတာ တစ်ကယ်ကို အငြိမ်နေလို့ မရဘူး တစ်ခုတစ်ခုကိုမှ ရေလည်အောင် မသုံးတတ်သေးဘူး နောက်တစ်ခုက ထွက်လာပြန်ရော Firmware ဆိုလဲ ဒီတိုင်းပဲ ခဏခန update တွေထွက်လာတယ်... တစ်ခါတစ်လေ ဟိုတုန်းက Phone လေးတွေသုံးရတာတောင် စိတ်ချမ်းသာမိသလိုပါပဲ... ဘယ်လိုပဲဖြစ်ဖြစ်လေ မြန်မာစကားမှာ "ဘယ်သူမပြု မိမိမှု" ဆိုတာရှိတယ် မဟုတ်လား ကိုယ်ကိုယ်တိုင် က အသစ်ထွက်လာတိုင်း စမ်းချင်သုံးချင်နေကြတော့ Apple ရဲ့  ဝကင်0x081ပါ ထဲမှာ ကျွန်တော်တစ်ယောက် တစ်ကောက်,ကောက်သွားနေ မိခဲ့တယ် တစ်ခါတစ်လေ လမ်းမှားပြီး ချောင်ပိတ်သွားတာမျိုးတွေ မကြာခဏ ကြုံရတတ်တယ်... ကျွန်တော့်လိုပဲ ချောင်ပိတ်မိနေသူတွေ အတွက် လွတ်လမ်း ထွက်ပေါက် လေးကို ဒီနေ့  တင်ပြလိုက်ပါတယ်... ကြိုက်တဲ့ iOS လာချင်တာလာခဲ့ iPhone,iPod Touch,iPad များအားလုံး ကို နှစ်သက်ရာ iOS သို့  Downgrade ချပြီး Jailbreak လုပ်လို့  ရပါတယ်... ဒီလိုဆိုရင် ရှေ့ လျှောက် ဘာ iOS ပဲလာလာ အဆင်ပြေသွားပြီပေါ့နော် ကျွန်တော်လဲ ရေးရတာ သက်သာသွားတောပေါ့ဗျာ... ဟဲ..ဟဲ.. :-D

Downgrade အတွက် လိုအပ်သော Software များ

1> iTune Download
- iPhone 4 user များအတွက်ပါ အဆင်ပြေစေရန် iTune v10 ကိုပေးထားပါတယ်

2> Tiny Umbrella Download (For Window)
- ဒီ software လေးကတော့ iTune နဲ့  Restore လုပ်ရာမှာ (Just In case) iTune က error
ပေါ်လာတဲ့ အခါလွတ်မြောက်အောင် သုံးဖို့ အတွက်ပါ...

3> Firmware Download
- မိမိ အသုံးပြုနေသော Device ကိုရွေးချယ်ပြီး Downgrade ချလိုသော Firmware ကိုရွေးချယ်ပါရန်



လုပ်ငန်းစဉ် အဆင့်ဆင့်

၁) အထက်ပါ Download လုပ်ပြီးသား File,Firmware များကို Desktop တွင် Folder တစ်ခုဆောက်ပြီး စုထားပါ..



၂) သင့်ရဲ့  PC မှာ ဖော်ပြပါလမ်းကြောင်းအတိုင်းသွားပါ
- Computer --> Local Disk(C:) --> Windows --> System32 --> Drivers --> etc
- hosts File ကို Edit လုပ်ရန် Note Pad နှင့် ဖွင့်ပါ





- Note Pad ဖြင့်ဖွင့်ပြီးပါက အောက်ဆုံးတွင် " 74.208.10.249 gs.apple.com " ကိုကူးထည့်ပြီး Save ပါ။



မှတ်ချက်။ ။ hosts file ကို edit လုပ်ပြီး Save ရာတွင် အနည်းငယ် အခက်ခဲရှိနိုင်ပါတယ်
အခက်ခဲရှိလာပါက... Save as နဲ့  အခြား location မှာ အရင် save ပါ File name ကိုလည်း
"hosts01" လို့ ပေးပါ။ ထိုနောက် မှုရင်း etc folder ထဲသို့ ကူးထည့်လိုက်ပါ --> Note Pad icon
လေးနဲ့  တွေ့ ရပါမယ် File Type မှာ .txt လို့ ပြနေပါမယ် --> File Type ပြောင်းရန်
"hosts01" ကို Rename နဲ့  "hosts01.File" လို့ ပြောင်းပေးလိုက်ပါ ဒါဆိုရင် File Type မှာ
(FILE File) လို့ ပြနေပါပြီ... Original "hosts" File ကို တစ်နေရာမှာ cut & Paste နဲ့ ရွှေ့ လိုက်ပြီး "hosts01.File" file ကို တစ်ခါထပ်ပြီး "hosts" လို့ Rename လုပ်ပေးလိုက်ပါ ဒါဆိုရင်
Original hosts file အနေနဲ့ ဖြစ်သွားပါပြီ....

၃) အားလုံး အဆင်သင့်ဖြစ်ပြီ ဆိုရင်တော့ Recovery Mode ပြောင်းပြီး Restore လုပ်ရန် iPhone ကို PC နှင့် ချိပ်ဆက်ပြီး Power OFF လိုက်ပါ...
- iPhone မှ Power နှင့် Home Button နှစ်ခုလုံးကို ပြိုင်တူနှိပ်ထားပါ
- Apple logo လေးတက်လာရင် Power button ကိုသာလွှတ်ပြီး Home button ကိုဆက်လက်နှိပ်ထားပါ Recovery mode logo လေးတက်လာပါမည်။


၎) iTune တက်လာပြီး ဖုန်းကို Restore လုပ်ရန်ညွှန်ကြားပါလိမ့်မယ်... keyboard က Shift သို့  Alt နဲ့  download ချထားသော Firmware ကို ရွေးပေးလိုက်ပါက iTune ကနေပြီး Restore လုပ်နေပါပြီ..



၅) Restore လုပ်နေရင်းနဲ့  iTune မှ Error message တက်လာပါက iTune ကို မပိတ်ပဲ Tiny Umbrella Software ကို Run ပေးလိုက်ပါ ထိုနောက် အောက်ပါပုံတွင် ဖော်ပြထားသည့် အတိုင်း "Kick Device Out Of Recovery" button ကို နှိပ်ပေးလိုက်ပါ... ဒါဆိုရင်အားလုံး အဆင်ပြေစွာနဲ့ Downgrade လုပ်ခြင်းပြီးဆုံးသွားပါပြီ။



အထက်ပါအတိုင်း iOS4.0.1 ကို Downgrade ချပြီးရင် Device များအလိုက် အောက်ပါပိုစ့်များ အတိုင်း Jailbreak ပြန်လုပ်ကြပါ။

*iPhone 3G,3Gs (Jailbreak iOS4.1)

*iPhone 3Gs,4 (Jailbreak iOS4.1)

*iPhone 3Gs,4 (Jailbreak iOS4.2.1)

iDevice သုံးစွဲကြသူ အပေါင်း စိတ်ချမ်းသာသွားကြလိမ့်မယ် လို့ မျှော်လင့်ပါတယ် Comment လေးတွေလဲရေးကြပါဦးဗျာ...

** အားလုံးတောင်းဆိုနေကြတဲ့ HOST File ကို ဒီမှာ Download လုပ်နိုင်ပါပြီ **


မိုးသိကြား

No comments:

Post a Comment