Tuesday, January 27, 2015

Huawei ဖုန်းအားလုံးတွင် Google Application သွင်းနည်း

Huawei ဖုန်းအားလုံးတွင် Google Application သွင်းနည်း

အခုပြောပြပေးမှာကတော့ Huawei ဖုန်းများတွင် Google Application ထည့်သွင်းနည်းဖြစ်ပါတယ်။ Huawei ဖုန်းများတွင် CWM recovery သွင်းပြီးသွားလျှင် google application ကို ထည့်လို့ရပါပြီ။ CWM recovery ဟာ English version လည်းဖြစ်နိုင်သလို Chinese version လည်းဖြစ်နိုင်ပါတယ်။ အဲဒီ အတွက် ၂ မျိုးလုံးကို ရှင်းပြပေးထားပါတယ်။ ကိုယ့်ဖုန်းရဲ့ Android version ပေါ်လိုက်ပြီး Google Application ကို တင်ရမှာဖြစ်ပါတယ်။



android version 2.3.6 ရဲ့ အောက်ပိုင်းဖြစ်လျှင် gapps ကို ဒေါင်းပါ။
android version 2.3.6 မှ 4.0.4 အထိ gapps ကိုဒေါင်းပါ။
android version 4.1.1 အတွက် gapps ကိုဒေါင်းပါ။



CWM ဟာ Chinese version ဖြစ်လျှင် ဒါလေးနဲ့ ဘာသာပြန်ကြည့်ပါ။
--reboot system now 重启系统
--apply sdcard:update.zip 使用SD卡根目录的update.zip更新系统
--wipe data/factory reset 清空data分区并恢复出厂设置
--wipe cache partition 清空cache分区
--install zip from sdcard 从SDcard选择文件更新系统
--apply sdcard:update.zip 使用SD卡根目录的update.zip 更新系统
--choose zip from sdcard 从SD卡选择zip格式升级包
--toggle signature verification 切换签名验证
--toggle script asserts 切换升级脚本检查 
--backup and restore 备份和恢复
--Backup 备份
--Restore 恢复
--Advanced Restore 高级恢复
--mounts and storage 挂载和存储
--mount /system 挂载/system分区(系统分区)
--mount /data 挂载/data分区(数据分区)
--mount /cache 挂载/cache分区(缓存分区)
--mount /sd-ext 挂载/sd-ext分区(A2SD分区)
--format boot 格式化内核分区
--format system 格式化系统分区
--format data 格式化数据分区
--format cache 格式化缓存分区
--format sdcard 格式化存储卡
--format sd-ext 格式化内存卡SD
--mount USB storage 挂载SD卡为U盘模式
--advanced 高级
--Reboot Recovery 重启Recovery 
--Wipe Dalvik Cache 清空Dalvik缓存
--Wipe Battery Stats 清空电池状态
--Report Error 报告错误
--Key Test 键位测试
--Partition SD Card 对SD卡分区
--Fix Permissions 修复权限
--power off 关机
--touch calibration 触屏校准


(က) ဒေါင်းလို့ ရလာတဲ့ zip ဖိုင်ကို sd card ထဲထည့်ပါ။

(ခ) ဖုန်းကို ပိတ်ပါ။ ပြီးလျှင် volume up + power ကိုနှိပ်ပြီး recovery mode ၀င်ပါ။ အဲဒီနည်း အလုပ်မလုပ်လျှင်  ဒီနည်းလမ်းဖြင့် CWM recovery သို့ ၀င်နိုင်ပါတယ်။

(ဂ) Google application မသွင်းခင် အရင်ဆုံး Nandroid Backup ယူထားစေချင်ပါတယ်။ တစ်ခုခုဖြစ်ခဲ့လျှင် firmware တင်စရာမလိုပဲ ပြန်ပြီး restore လုပ်လို့ရအောင်ပါ။

(ဃ) ပြီးလျှင်အပေါ်မှာပြထားတဲ့ ပုံနှစ်ခုကိုနိုင်းယှဉ်ပြီး  install zip from sdcard > choose zip from sdcard > gapps-------------signed.zip ကိုရွေးပြီး update လုပ်ပေးပါ။ ခဏစောင့်ပါ။

(င) main menu သို့ ပြန်သွား၍ reboot system now ကို နှိပ်လိုက်ပါ။ အခုဆိုရင်တော့ google application တွေထည့်လို့ပြီးသွားပါပြီ။     



credit:MR ANDROID
Admin ခိုင်စိုး(ရောသမမွှေ)

အိုင်ဖုန်းကို ကြိုက်ကြသည့် အကြောင်းရင်း ( IPhone ကိုင်မလား Android ဖုန်းကိုင်မလား သိချင်သူများဖတ်ရန်)

အိုင်ဖုန်းကို ကြိုက်ကြသည့် အကြောင်းရင်း ( IPhone ကိုင်မလား Android ဖုန်းကိုင်မလား သိချင်သူများဖတ်ရန်)

အိုင်ဖုန်းဟာ ကမ္ဘာမှာ လူကြိုက်အများဆုံး စမတ်ဖုန်း အဖြစ် စံချိန်တင်ထား ဆဲ ဖြစ်ပါတယ်။ ထွက်ရှိခဲ့ပြီးတဲ့ iPhone 5S ဟာလည်း လူကြိုက်များပြီး နောက်ထွက်မယ့် iPhone 6 ကိုလည်း မျော်လင့်နေကြ ပါတယ်။


ဒါကြောင့်မို့ iPhone ကို ဘာကြောင့် ကြိုက်ကြသလဲဆိုတာကို အကြမ်းဖျဉ်း အဖြေ ထုတ်ကြည့်တဲ့အခါ အောက်ပါအတိုင်း ထွက်လာ ပါတယ်။

စတိုင် နဲ့ ဂုဏ် အရှိန်

အခြေခံဆုံး အချက် အနေနဲ့ စတိုင် ကို အရင်ကြည့်ကြပါတယ်။ မြန်မာပြည် က အချို့ ငွေရှိ အသက်ကြီး ပုဂ္ဂိုလ် တွေတောင် i Device များကို ဝယ်သုံးပါတယ်။ သုံးတတ်လို့တော့ မဟုတ် ပါဘူး။ သူ့ရဲ့ စတိုင် နဲ့ ဂုဏ် အရှိန် ကြောင့်မို့ ဖြစ်ပါတယ်။ ဒီဇိုင်းပိုင်းမှ သပ်ရပ် လှပပြီး ဂုဏ်အရှိန် ကြီးတာ ကတော့ စတိဗ်ဂျော့ ကြောင့ ဖြစ်ပါတယ်။ ကမ္ဘာ့ ပထမဆုံး စမတ်ဖုန်းနဲ့ စမတ်ဖုန်း လောကကို ပြောင်းလဲသူ ဆိုပြီးတော့ ကြွေးကြော် ထားခြင်းပါ။ အမှန်တော့ စမတ်ဖုန်း လောကကို လမ်းစဖောက်ပေးတာ Apple တစ်ခုထဲ  မဟုတ်ပဲ အခြား ကုမ္မဏီမျာလည်း ရှိနေပေမယ့် Apple ကိုပဲ ပိုမို လူသိ များခဲ့ ပါတယ်။

အကြမ်းခံခြင်း

iPhone ရဲ့ အကြမ်းခံမှုက လူတိုင်း ပြောပါတယ်။ အကြောင်းက အလူမီနီယံ ကိုယ်ထည်ကြောင့်မို့လို့ ဖြစ်ပါတယ်။ သာမန် ကော်ဖုန်း တစ်လုံး ကျရင် ကွဲပေမယ့် အိုင်ဖုန်းက နောက်ကျောကော ရှေ့မျက်နှာပြင်ကော အတော်လေး အကြမ်းခံတာကို လေ့လာ မိပါတယ်။

မျက်နှာပြင် အရည်အသွေး ကောင်း

ဒါကလည်း အစဉ်ဆက် ထိန်းသိမ်းလာတဲ့ အရည်အချင်း ဖြစ်ပါတယ်။ iPhone ရဲ့ ဖန်သား resolution ppi က ဟန်းဆက် အသီးသီး အသစ် ထွက်တဲ့ ခေတ်အဆက်ဆက် မှာ အမြဲတန်း ထိပ်ဆုံး ကနေ ဦးဆောင် ပါတယ်။ Retina Display တို့ကိုလည်း အသုံးပြုခြင်းကြောင့် ဖြစ်ပါတယ်။

လုံခြုံရေး ကောင်း

အိုင်ဖုန်းတို့ အိုင်ပတ် တို့က ပျောက်သွားရင် Tracking လိုက်ဖို့ အတွက် အတော်လေး လွယ် ပါတယ်။ ပျောက်သွားတဲ့ အလုံးကို တစ်ဖက်က ဖွင့်လို့ အင်တာနက် သုံးပြီ ဆိုတာနဲ့ ကိုယ့် ပျောက်နေတဲ့ အိုင်းဖုန်းဟာ ဘယ်နေရာ ရောက်နေသလဲ ဆိုတာကို မြင်ရမှာ ဖြစ်ပါတယ်။ အကယ်၍ အသုံးပြုသူက ဓာတ်ပုံတွေ ဘာတွေရိုက်ရင် Could Storage နဲ့ Sync လုပ်ထားတဲ့အခါ ကိုင်ဆောင်ထားသူရဲ့ ဓာတ်ပုံကိုတောင် အလွယ်တကူ ရနိုင် ပါတယ်။

မြန်ဆန်တဲ့ Processor

အိုင်ဖုန်းရဲ့ Processor မြန်ဆန်ချက်က ဂိမ်းဆော့ရင် ပိုမို သိသာ ပါတယ်။ အထူးသဖြင့် Racing ဂိမ်းတွေမှာ ပိုမို သိသာ ပါတယ်။ Android စမတ်ဖုန်း တစ်လုံးမှာ ဆော့တဲ့ Racing နဲ့ iPhone မှာ ဆော့တဲ့ Racing က မြန်ဆန်မှ သိသိသာသာ ကွာပါတယ်။ Processor ရဲ့ လည်ပတ်မှု မြန်ဆန်ပြီး ကြည်လင်တဲ့ မျက်နှာပြင်နဲ့ ပေါင်းစပ် လိုက်တဲ့အခါ Gaming Device ကောင်း တစ်ခု ဖြစ်လာစေ ပါတယ်။

ကြာရှည်ခံသော အရည်အသွေး

မိတ်ဆွေ သူငယ်ချင်း တစ်ယောက် iPhone ပထမ မျိုးဆက်ကို ယနေ့တိုင် အသုံးပြုနေသေးတာကို အံ့သြဖွယ် တွေ့ရှိခဲ့ ပါတယ်။ နောက်ဆုံးပေါ် iPhone တို့လောက် မမြန်ပေမယ့် သူ့ဟာလေးနဲ့ သူ အလုပ်လုပ်နေတာကို တွေ့ ရတော့ iPhone ရဲ့ တာရှည်ခံ၊ အသုံးခံ မှုကို အံ့သြ ခဲ့ရ ပါတယ်။

အထက်ပါ အားသာချက်များပြင် အခြားသော အားသာချက်များလည်း ရှိပါ သေးတယ်။ ထိုနည်းတူစွာ သူ့မှာလည်း အားနည်းချက် များစွာ ရှိပါတယ်။ အဓိကအားဖြင့် ဈေးကြီးတာနဲ့ အသုံးပြုမယ့် App တွေကို ဝယ်သုံးရတာမျိုး၊ country region အရ  အသုံးပြုဖို့ အဆင်မပြေသေးတာမျိုး၊ font ကိစ္စ အဆင်မပြေတာမျိုး၊ Jail Break လုပ်သင့် မလုပ်သင့် ခေါင်းစား တာမျိုး အစရှိသဖြင့် အခက်လေးတွေ၊ အားနည်းချက်လေးတွေလည်း ရှိပါ သေးတယ်။ သို့သည့်တိုင် အိုင်ဖုန်းဟာ လူကြိုက် အများဆုံး၊ အလိုချင်ဆုံး စမတ်ဖုန်း တစ်လုံး အဖြစ် ရပ်တည်နေဆဲ ဖြစ်ပါတယ်။

.
International news for Myanmar

Iphone ကိုင် သူငယ်ချင်းများ ID Password မေ့ခဲ့လျှင် Reset လုပ်နည်း

Iphone ကိုင် သူငယ်ချင်းများ ID Password မေ့ခဲ့လျှင် Reset လုပ်နည်း



IOS ကိုင်သူငယ်ချင်းများ ကိုယ်သုံးနေတဲ့ Apple ID Password မေ့ခဲ့လျှင်

Password ပြန်ယူနည်းလေး မျှဝေပါတယ်  အဆင်ပြေအောင်ပုံလေးတွေနဲ့

ကျနော်ပြထားပါတယ် တစ်ဆင့်ချင်း လိုက်ပြီးလုပ်ကြည့်ကျပါ ဒီနည်းလေးနဲ့

ပထမဆုံးဖုန်းရဲ့ Settings ကိုဝင်ပါ ပီးရင် iTunes & App Stores ကိုနှိပ်ပါ

iForgot Password ကိုနှိပ်လိုက်ပါ  Reset   လုပ်မယ့် App ID ကိုထည့် ပါ

ပီးရင်    Next     ကိုနှိပ်လိုက်ပါ      တစ်ဆင့်ချင်း     ဖြေးဖြေးသွားလိုက်ပါ

ပီးရင် Reset By Email နဲ့ ပြန်ယူပါ ကျနော်ယူနည်းလေးကိုပြန်လည်မျှဝေ

တာပါခမျာ အဆင်ပြေပါတယ်....
Reset လုပ်မဲ့ Email ဖြည့်လိုက်ပါ  Email has been sent ဆိုတာလေး

ပေါ်လာရင် အဆင်ပြေပါပီ ကိုယ့် Reset လုပ်ခဲ့တဲ့ Email ကို ဝင်လိုက်ပါ

Apple ကပို့တဲ့ စာတဆောင်ရောက်နေပါလိမ့်မယ်   အောက်မှာကြည့်ပါ
Email      ကိုဖွင့် လိုက်ပါ     Reset Now> ဆိုတာလေးကို နှိပ်လိုက်ပါ



Reset password  မှာ ကိုယ်အသစ်ထည့်ချင်တဲ့   ပက်စဝက် ကိုဖြည့်ပါ

အောက်ကလို မက်ဆေ့လေးပေါ်လာရင်အဆင်ပြေပါပီ  ပီးရင် ဖုန်းထဲက


Settings ကိုဝင်  iTune & App Store Sign in ဝင်လိုက်ပါ ဒီလိုလေး


ပေါ်လာခဲ့ရင် Ok ကိုနှိပ်လိုက်ပါ  ပီးရင် Done ကိုနှိပ်လိုက်ပါ အိုကေပါပီ


ခမျာ အားလုံးပဲအဆင်ပြေလိမ့်မယ်လိုမျှော်လင့်ပါတယ်   

Admin   အညာသား

Sunday, January 25, 2015

ကွန်ပျူတာ မြန်အောင်ပြုလုပ်နည်း

ကွန်ပျူတာ မြန်အောင်ပြုလုပ်နည်း

ကွန်ပျူတာ speed မြှင့်ခြင်းအကြောင်းလေးပါ။
ကဲလုပ်ကြည့်ရအောင်
(1) Start > Run သွားပါ။ prefetch ရိုက်ထည့်လိုက်ပါ။အဲဒီမှာတွေ့တဲ့
folder ထဲက file တွေကို delete လုပ်လိုက်ပါ။ပြီးရင် ပြန်ပိတ်လိုက်ပါ။
နောက် Run မှာပဲ regedit ဆိုတာရိုက်လိုက်ပါအုန်း။ Registry Editor box
ပေါ်လာပါလိမ့်မယ်။အဲဒီမှာ HKEY_CURRENT_USER >>Control Panel >> Desktop
Desktop ကို click ပေးလိုက်ပါ။ အဲဒီမှာ MenuShowDelay ကိုရှာ ။ပြီးရင်right click>>Modify
လုပ်လိုက်ရင် ပေါ်လာမဲ့ box မှာ from 400 to 0 ကိုပြောင်းပေးပါ။ပြီးရင်ပိတ်လိုက်ပါ။
(2) My Computer ကိုright click>> properties >>Advanced >>Settings >>visual Effects မှာ -
Adjust for best appearance ကိုရွေးပေးပါ။ ကိုယ့်စက်ကိုတော်တော်ကြီးကိုမြန်ချင်တဲ့သူကတော့
Adjust for best performance ကိုရွေးပေးပါ။ပြီးရင် အောက်ကဇယား အောက်ဆုံးက
Use visual styles on windows and buttons ကိုပဲ click လုပ်လိုက်ပါ။ကျွန်တော်ကတော့
screen စာသားလေးတွေမှိန်သွားတာကိုမကြိုက်လို့ Adjust for best appearance ကိုပဲရွေးလိုက်ပါတယ်။
မြန်ချင်သူများအတွက်ပြောတာပါ။ ပြီးရင် apply လုပ်ပါ။
(3) Advanced >> change မှာ Custom size မှာ initial size ကို
2000 Maximum size ကို 4000 ပေးပါ။ ပြီးရင် set , ok ပေးပါ။ပြီးရင် Apply , ok ပေးပါ။
(4) Run မှာ msconfig ကိုရိုက်ထည့်လိုက်ပါ။ ပြီးရင် Startup ကိုသွားပါ။ အဲဒီမှာ မလိုတာတွေအများကြီးပါ။
ဥပမာ- YahooMessenger, IDMan စတာတွေပေါ့ဗျာ။ ပြီးရင် ok ပေးပါ။ ပြီးရင် Exit Without Restart
ကို click ပါ။
(5) My Computer ကိုright click>> properties >> Remote မှာ
Allow Remote Assistance invitations to be sent from this computer ကို disable ပေးပါ။
ပြီးရင်တော့ Apply ပေးပါ။ ok မပေးပါသေးနဲ့အုန်း။ Automatic Updates မှာ Turn off Automatic Updates
ကို check ပေးပါ။ Apply ok ပေးပါ။
(6) Run မှာ system.ini ကိုရိုက်ထည့်လိုက်ပါ။ပြီးရင် ကျလာတဲ့ box ကို ဒီအတိုင်းပြင်ပါ။
for 16-bit app support
[drivers]
wave=mmdrv.dll
timer=timer.drv
[mci]
[driver32]
[386enh]
woafont=dosapp.FON
EGA80WOA.FON=EGA80WOA.FON
EGA40WOA.FON=EGA40WOA.FON
CGA80WOA.FON=CGA80WOA.FON
CGA40WOA.FON=CGA40WOA.FON
page buffer=100000kbps load=100000kbps download=100000kbps save=100000kbps back=100000kbps
ပြီးရင်တော့ computer ကို Restart ပေးလိုက်ပါတော့။
Htunmay

Laptop Speedကိုမြန်အောင်ပြန်လုပ်မယ်

Laptop Speedကိုမြန်အောင်ပြန်လုပ်မယ်

သင့်ရဲ့ Laptop ဟာ ၀ယ်ခါစတုန်းက ထက်စာရင် အလုပ်လုပ်တဲ့နေရာမှာ ပိုပြီးနှေးကွေးသွားပြီဆိုတာ သင်သတိပြုမိတယ် ဆိုပါစို့။ သင်ဘာလုပ်မလဲ။ အလုပ်လုပ်တာ ပိုမြန်မယ့် နောက်အသစ်တလုံး ထပ်ဝယ်ဖို့ကလည်း သင့်အတွက် ခက်ခဲကောင်း ခက်ခဲ နေပါလိမ့်မယ်။

အဲဒီအတွက် အကုန်အကျသက်သာမယ့် ပြုပြင်မွမ်းမံမှုတွေကို သင်ကိုယ်တိုင် ပြုလုပ်ရ တော့မှာပါ။ ဒါဆိုရင်တော့ အောက်မှာ ရေးသားထားတဲ့ အချက် ၇ ချက်ကို စမ်းသပ် လုပ်ကိုင်ကြည့်ပါ။ သင့် Laptop ပိုမိုမြန်ဆန် လာတာ တွေ့ရပါလိမ့်မယ်။

အောက်မှာဖော်ပြထားတဲ့ အချက်တွေဟာ အမေရိကန်အခြေစိုက် Laptop မဂ္ဂဇင်းအဖွဲ့က လက်တွေ့ စမ်းသပ်ထားတဲ့ အချက်တွေပါ။ စမ်းသပ်တဲ့နေရာမှာ အင်မတန်နှေးကွေးတဲ့ xp နဲ့ vista ၀င်းဒိုးစနစ် သုံး Laptop နှစ်လုံးကို အသုံးပြုခဲ့ပါတယ်။

၁။ သင့် Laptop ကို memory(၀ါ)RAM ပမာဏထပ်တိုးပါ

RAM လို့ခေါ်တဲ့ memory ပမာဏထပ် တိုးတာဟာ အလွန်နှေးကွေးတဲ့ ကွန်ပြူတာတွေကို ပိုမို မြန်ဆန်အောင် လုပ်ပေးမယ့် နည်းများစွာထဲက တခုပါဘဲ။ RAM ထုပ်လုပ်တဲ့ Crucial စက်ရုံရဲ့အဆိုအရ ဆိုရင် ၀င်းဒိုးXP အတွက် RAM ပမာဏ အနည်းဆုံး 1GB ရှိရမှာဖြစ်ပြီး ၀င်းဒိုးVista အတွက် ကတော့ အနည်းဆုံး 2GB ရှိရမှာပါ။ RAM ပမာဏ ပိုများတာနဲ့အမျှ သင့်ကွန်ပြူတာဟာ ပိုမိုမြန်ဆန်လာမှာဖြစ်ပြီး ပရိုဂရမ်များကိုလည်း တပြိုင်တည်းအသုံးပြုနိုင်လိမ့်
မယ်လို့ သိရပါတယ်။

Laptop မဂ္ဂဇင်းအဖွဲ့ရဲ့စမ်းသပ်မှုအရ 358 MB အရွယ်ရှိတဲ့ ဖိုင်တခုကို RAM ပမာဏ 1GB နှင့် zip ဖိုင်လုပ်ရာတွင် ၁ နာရီ ၄၅ မိနစ်ခန့်အချိန်ကြာခဲ့ပြီး RAM ပမာဏ 2GB နှင့်အစားထိုးစမ်းသပ်ရာတွင် ၁ နာရီ ၁၀ မိနစ်ခန့်သာ အချိန်ကြာခဲ့သည်။


၂။ ကွန်ပြူတာတွင်းရှိဖိုင်များကို Disk Defragmenter အသုံးပြုပြီးနေရာတကျစီပါ

သင့် Laptop ထဲကဖိုင်တွေကို တလမှာဘယ်နှစ်ခါ စီပေးရမယ်လို့တော့ အတိအကျပြောလို့မရပါ ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒါဟာ သင့်ရဲ့ကွန်ပြူတာ အသုံးပြုမှုအချိန်ပမာဏ ပေါ်မူတည်ပြီးမှ ဆုံးဖြတ်လို့ ရမှာဖြစ်လို့ပါဘဲ။ သင့်ကွန်ပြူတာဟာ အသုံးပြုမှုများမယ်၊ Software တွေသွင်းလိုက်၊ဖျက်လိုက်မကြာ ခဏလုပ်မယ်ဆိုရင် ကွန်ပြူတာ Hard Disk ထဲမှာရှိတဲ့ ဖိုင်တွေဟာ ဟိုတစ ဒီတစနဲ့ပြန့်ကျဲနေပါလိမ့်မယ်။

အဲဒီအခါမှာ သင်က ကွန်ပြူတာကို ဖိုင်တခု(သို့)application တခုကို ဖွင့်ခိုင်းလိုက်မယ်ဆိုပါစို့။ သင့် ကွန်ပြူ တာဟာ သူ့ရဲ့ Hard Disk ထဲမှာရှိတဲ့ ပြန့်ကျဲနေတဲဖိုင်တွေထဲက သင်လိုချင်တာကို တစစီလိုက်ကောက် ပေးနေရတဲ့အတွက် အချိန်မကြာသင့်ဘဲကြာသွားရပါတယ်။ သင့်ကွန်ပြူတာထဲက ဖိုင်တွေကို စီပေးချင်း အားဖြင့် ဒီအချိန်ယူမှုကို လျော့ချနိုင်ပါတယ်။ အဲဒီအတွက် Start – All Programs – Accessories – System Tools ကိုအဆင့်ဆင့်သွားပါ။ System Tools ထဲက Disk Defragmenter ကို နှိပ်ပြီး သင့်ကွန်ပြူတာ Hard Disk ထဲက ဖိုင်တွေကို နေရာတကျစီပေးလိုက်ပါ။

Laptop မဂ္ဂဇင်းအဖွဲ့ရဲ့ စမ်းသပ်မှုအရဆိုရင် ဖိုင်စီပြီးနောက်ပိုင်း ကွန်ပြူတာဖွင့်တဲ့နေရာမှာ ၀င်းဒိုး တက်တာ ပိုမြန်လာတာကိုတွေ့ရပါတယ်။ နောက်ပြီး ပရိုဂရမ်တွေကို ဖွင့်တဲ့နေရာမှာလည်း ပိုမိုမြန်ဆန် လာပါတယ်။ နောက်ထပ် စမ်းသပ်မှုတခုအနေနဲ့ ‘find me.txt’ လို့အမည်ပေးထားတဲ့ ဖိုင်တခုကို Hard Disk ရဲ့ အတွင်းကျကျနေရာမှာ သိမ်းဆည်းပြီး ကွန်ပြူတာကို ရှာခိုင်းခဲ့ပါတယ်။ ဖိုင်မစီပေးခင်တုန်းကဆိုရင် ရှာခိုင်းတဲ့ဖိုင်ကို တွေ့ဖို့ ၂၂ စက္ကန့်အချိန်ကြာပြီး ဖိုင်စီပြီးနောက်ပိုင်းရှာ ခိုင်းတဲ့အခါ ၆ စက္ကန့်သာ အချိန် ကြာခဲ့ပါတယ်။

၃။ သိပ်ပြီးအရေးမကြီးတဲ့ program တချို့ကို ပိတ်ထားပါ

တချို့ Laptop တွေဆို စဖွင့်လိုက်တာနဲ့တပြိုင်ထဲ ၀င်းဒိုးစနစ်နဲ့အတူ သင်သိပ်မသုံးတဲ့ပရိုဂရမ်တွေ အလိုလျှောက် အလုပ်လုပ်ပြီး ပွင့်လာပါတယ်။ ဒါကြောင့် ကွန်ပြူတာဟာ သင်မသုံးခင်ကတည်းက နှေး ကွေးသွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီ ပရိုဂရမ်တွေဟာ သင့်ကွန်ပြူတာရဲ့ RAM ပမာဏ တချို့နဲ့ CPU အားကို သုံးစွဲလိုက်လို့ဘဲ။ ဒါကြောင့် ကွန်ပြူတာစဖွင့်ဖွင့်ခြင်း ၀င်းဒိုးစနစ်နဲ့လိုအပ်တဲ့ system ဖိုင်တ ချို့ကိုသာ အလုပ်ပေးလုပ်စေသင့်ပါတယ်။

သိပ်အရေးတကြီးသုံးမှာမဟုတ်တဲ့ Google Talk,iTune, Quicktimeplayer တို့လို ပရိုဂရမ်ဖိုင်တွေကို ပိတ်ထားသင့်ပါတယ်။ အဲဒီလိုပိတ်ဖို့အတွက် ၀င်းဒိုးXP မှာ Start – Run ကိုနှိပ်ပြီးပေါ်လာတဲ့ အကွက်ထဲမှာ msconfig ဆိုပြီးရိုက်ထည့်လိုက်ပါ။ ပေါ်လာတဲ့ box ထဲက serviecs နဲ့ startup ဆိုတဲ့ခေါင်းစဉ်အောက်မှာ ကွန်ပြူတာဖွင့်ဖွင့်ချင်း အလုပ်မလုပ်စေချင်တဲ့ဟာတွေမှာ အမှန်ခြစ်ထားတဲ့ အမှတ်လေးတွေ့ရင် ကလစ်နှိပ်ပြီး ဖြုတ်လိုက်ပါ။ ၀င်းဒိုး Vista မှာဆိုရင်တော့ Search box ကနေ့တဆင့် သွားရောက်ချိန်ညှိရမှာပါ။

အဲဒီလိုချိန်ညှိတဲ့နေရာမှာ သင့်အနေနဲ့တခုသတိထားရမှာက ၀င်းဒိုးစနစ်အလုပ်လုပ်ဖို့ ကူညီပေးတဲ့ system ဖိုင်တွေကို သွားပြီးပိတ်မထားမိစေဖို့ပါဘဲ။ ဒါကြောင့် သင့်အနေနဲ့ ဘယ် program တွေကို ပိတ်ထားရမယ်ဆိုတာ မသေချာဖြစ်နေရင် အတန်အသင့် နားလည်တတ်ကျွမ်းတဲ့ မိတ်ဆွေတွေကို အကူညီတောင်းပြီး လုပ်ခိုင်းတာအကောင်းအဆုံးပါဘဲ။ မိတ်ဆွေကလည်း မကူညီနိုင်ဘူးဆိုရင်တော့ အင်တာနက်ပေါ်က အခမဲ့အသုံးပြုခွင့်ပေးထားတဲ့ PC Decrapifier (www.pcdecrapifier.com

) ပရိုဂရမ်ကိုအသုံးပြုပြီး မလိုအပ်တဲ့ ပရိုဂရမ်တွေကို ပိတ်ထားသင့်ပါတယ်။ အဲဒီလိုချိန်ညှိလိုက်ခြင်းအားဖြင့် Laptop ရဲ့အလုပ်လုပ်နှုန်း ပိုမြန်လာတာကို တွေ့ရပါတယ်။

၎။ သင့် Laptop ရဲ့ စနစ်ပိုင်းဆိုင်ရာကို အကောင်းဆုံးဖြစ်အောင် ချိန်ညှိပါ

သင့် Laptop ဟာ သုံးစွဲတာကြာလာတာနဲ့အမျှ registry တွေအမှားတွေဖြစ်ပေါ်လာတတ်ပါတယ်။ ဒါမှမဟုတ် program တွေ, software တွေကို စနစ်တကျ ထည့်သွင်းခြင်း ဒါမှမဟုတ် စနစ်တကျ ဖယ်ရှားခြင်းတွေ မလုပ်တဲ့အတွက် စနစ်ပိုင်း ဆိုင်ရာမှာ အမှားတွေဖြစ်လာပါတယ်။ ဒီအတွက်သင့် Laptop နှေးကွေးသွားပါလိမ့်မယ်။ ဒီစနစ်ပိုင်းဆိုင်ရာ တွေချိန်ညှိဖို့ သင့်အနေနဲ့ ခက်ခဲကောင်းခက်ခဲနေမယ်ဆိုရင် တော့ ပိုက်ဆံအနည်းငယ် အကုန်ခံရပါလိမ့်မယ်။ အမေရိကန်ဒေါ်လာ ၅၀ တန်ဖိုးပေးဝယ်ရတဲ့ iolo System Mechanic 7 ပရိုဂရမ်ကိုအင်တာနက်ပေါ်ကတဆင့်ဝယ်ယူပြီးအသုံးပြုဖို့တိုက်တွန်းပါရစေ။

Laptop မဂ္ဂဇင်းအဖွဲ့ကနေ iolo System Mechanic 7 ပရိုဂရမ်အသုံးပြုပြီး ၀င်းဒိုး XP သုံး Laptop ကို စစ်ဆေးလိုက်တဲ့အခါ registry အမှားပေါင်း ၃၁၂ ခုနဲ့ Hard Disk ထဲမှာလည်း အမှားအယွင်း တွေရှိတာတွေ့ရပါတယ်။ အဲဒီအမှားတွေကို ပြန်လည် ပြင်ဆင်ပြီး စမ်းသပ်တဲ့အခါမှာတော့ XP ၀င်းဒိုးသုံး Laptop ဟာ အလုပ်လုပ်တဲ့နေရာမှာ အရင်ကထက် ၂ စက္ကန့်ပိုမြန်လာတာကို တွေ့ရပါတယ်။

တဆက်တည်း ၀င်းဒိုး Vista သုံး Laptop ကို စစ်ဆေးကြည့်တဲ့အခါ spyware ၂ ခု၊ registry အမှားပေါင်း ၁၅၄ ခုနဲ့ Hard Disk အမှားအယွင်းဖြစ်နေတာကို တွေ့ရပါတယ်။ အဲဒီအမှားတွေကို ပြုပြင် ပြီးနောက်တကြိမ်စက်ကို အသုံးပြုကြည့်တဲ့အခါမှာ အရင်ကထက် ၈ စက္ကန့်ပိုမိုမြန်ဆန်လာပါတယ်။

၅။ Search Indexing ကိုပိတ်ထားပါ

Search Indexing ကိုဖွင့်ထားမယ်ဆိုရင် သင့် Laptop နှေးကွေးသွားပါလိမ့်မယ်။ အဲဒါကို ပိတ်ဖို့အတွက် ၀င်းဒိုး XP နဲ့ Vista နှစ်ခုစလုံးမှာ နည်းလမ်းအတူတူပါဘဲ။ My Computer ကနေတဆင့် Hard Disk ဆီကိုသွားပါ။ Hard Disk အမှတ်အသားပေါ်မှာ မောက်စ် right click နှိပ်ပြီး Properties ကို နှိပ်လိုက်မယ်ဆိုရင် box တခုပေါ်လာပါလိမ့်မယ်။ General Tab အောက်က “Allow Indexing Service to index this disk for fast file searching” ကို အမှန်ခြစ်ထားတာတွေ့တယ်ဆိုရင် ဖြုတ်ပေးလိုက်ပါ။ ဒါဆိုရင် သင် Search Indexing ကို ပိတ်ပြီးသွားပါပြီ။

စမ်းသပ်မှုအရ Search Indexing ကိုပိတ်လိုက်ခြင်းအားဖြင့် ၀င်းဒိုး နှစ်ခုစလုံးမှာ စက္ကန့် ၃၀ ခန့် ပိုမိုမြန်ဆန်လာတာတွေ့ရပါတယ်။

၆။ သင့် Laptop ထဲက Spyware တွေကိုသတ်ပါ

Spyware ဆိုတာ သင်မသိအောင် သင့် Laptop ထဲမှာ အလုပ်လုပ်နေတဲ့ ဆော့ဖ်ဝဲတမျိုးပါဘဲ။ အဲဒီ Spyware အမျိုးအစားဆော့ဖ်ဝဲတွေက သင့်ကွန်ပြူတာထဲမှာ ဘာတွေရှိတယ်၊ သင်ဘာတွေလုပ်နေ တယ်ဆိုတာကို Spyware ထုတ်လွှတ်လိုက်သူထံ တိတ်တဆိတ်ပြန်လည်ပို့ဆောင်ပေးနေပါတယ်။ Spyware တွေဟာ အင်တာနက်ကနေတဆင့် သင့်ကွန်ပြူတာထဲကိုဝင်ရောက်လာတာများပါတယ်။ သင့် ကွန်ပြူတာထဲမှာ Spyware ရှိနေတဲ့အတွက် သင့်ရဲ့ပုဂ္ဂိုလ်ရေးလုံခြုံမှုကို ထိခိုက်သလို သင့်ကွန်ပြူတာကို လည်းနှေးကွေးစေပါတယ်။

အဲဒီ Spyware တွေကို ရှာဖွေဖော်ထုတ်ပြီး သတ်ဖို့အတွက် Spybot Search & Destroy ဆိုတဲ့ဆော့ဝဲကို (www.safer-networking.org/en

) မှာဒေါင်းလုပ်ပါ။ ပြီးတော့ သင့်ကွန်ပြူ တာကို မကြာခဏစစ်ဆေးပေးလိုက်ရုံနဲ့ Spyware တွေရဲ့ရန်ကို အထိုက်လျှောက်ကာကွယ်ပြီးသားဖြစ် သွားသလို အလုပ်လုပ်တာလည်း ပိုမြန်သွားပါလိမ့်မယ်။

စမ်းသပ်မှုအရ အဲဒီအခမဲ့ရနိုင်တဲ့ Spybot Search & Destroy ဆော့ဖ်ဝဲဟာ Spyware တွေကို ရှာဖွေနှိမ်နှင်းပေးတာတွေရပါတယ်။ အဲဒီတော့သင့်ကိုလည်း Spybot Search & Destroy ဆော့ဖ်ဝဲအ သုံးပြုဖို့ ထောက်ခံပါတယ်။

၇။ စနစ်နောက်ကွယ်က သိပ်အရေးမကြီးတဲ့ update service တွေကိုပိတ်ထားပါ

သင့်ကွန်ပြူတာဟာ တခါတလေ သိပ်ပြီးအရေးမကြီးတဲ့ Google Earth, Google Toolbar နဲ့ တခြား Google နဲ့ပတ်သက်တာတွေကို သင့်နောက်ကွယ်မှာ update လုပ်ဖို့အလိုလျှောက်ကြိုးစားနေ တတ်ပါတယ်။ ဒါတွေဟာ ကွန်ပြူတာကို အလုပ်များစေတဲ့အတွက် လုပ်ငန်းလုပ်ရာမှာ နှေးကွေးသွားစေ ပါတယ်။ အဲဒါတွေကို ရှာဖွေပြီးပိတ်ဖို့ Run box ထဲမှာ services.msc ဆိုပြီးရိုက်ထည့်လိုက်ပါ။

သင့် ကွန်ပြူတာထဲမှာရှိတဲ့ service တွေပေါ်လာပါလိမ့်မယ်။ အဲဒီထဲက သင့်အနေနဲ့ မလိုအပ်ဘူးလို့ ယူဆတဲ့ဟာကို မော့က်စ် right click နှိပ်ပြီး properties ကို ခေါ်လိုက်ပါ။ properties box ထဲက startup type ဆိုတဲ့ ဘေးအကွက်ထဲမှာ manual ဒါမှမဟုတ် disable ကို ပြောင်းပေးလိုက်ပါ။ လက်တွေ့ စမ်းသပ်မှုအရ ကွန် ပြူတာ ပိုမိုမြန်ဆန်လာတာတွေ့ရပါတယ်။

 http://www.facebook.com/mmiteb


Zawgyi-One ရော Myanmar3 ကိုပါ ဖတ်လို့ရအောင်

Zawgyi-One ရော Myanmar3 ကိုပါ ဖတ်လို့ရအောင်



Unicode ဖြစ်တဲ့ Myanmar3 Font နဲ့ ZawgyiOne နဲ့ရေးထားတဲ့ website တွေကို ဘယ် font နဲ့ ရေးထား ရေးထား ဖတ်လို့ ရအောင် လုပ်လို့ရတဲ့ နည်းလေးဖြစ်ပါတယ်။ ဒီ blog မှာတော့ အပေါ်မှာ drop down နဲ့ ရွေးလို့ရအောင်လုပ်ထားပေးထားပါတယ်။  (click here to see image)  

 

Internet Explore


  • Click to download Myanmar3_IE.reg
  • ဖိုင်ကိုဒေါင်းလုဒ်ယူပြီးတာနဲ့ Myanmar3_IE.reg ကို install လုပ်ပါ
  • Tools အောက်က Internet Option က fonts ကို Zawgyi-One ကိုပေးထားရပါမယ်.။
  • ဒီ နေရာကို click ပြီး save လုပ်ပါ။
  • IEကိုဖွင့်ပါ.. Tools >Internet Option>Accessibility > user style sheet မှာ Format document usingmy style sheet ကို အမှန်ခြစ်ပြီး Browse ကနေတဆင့် ခုန save လုပ်ထားတဲ့ ie.css ကိုထည့်ပေးပါ..။




Mozila firefox

 

  1. Menu ရဲ့ Tools > Options > Content tab မှာ Default Font ကို Zawgyi-One ပေးထားပါ.
  2. Font Size ဘေးက Advanced button ကို ထပ်နှိပ်ပါ.. အဲဒိမှာ
  3. Allow pages to choose their own fonts, instead of my selections above” ဆိုတဲ့ စာကြောင်းလေးကို အမှန်ခြစ်ပေးပါ
  4. အောက်က default character encoding မှာ Unicode UTF-8   ကိုရွေးပါ။ (click here to see image)
ဒါဆိုရင် သင့်အနေနဲ့ Mozilla Firefox ကို အသုံးပြုပြီး Zawgyi-One နဲ့ရေးထားတာရော Myanmar3 နဲ့ရေးထားတာကိုရော ဖတ်ရှုလို့ရနိုင်ပါပြီ။ အောက်က ပုံကို ကြည့်ပြီး လုပ်ရင် ပိုအဆင်ပြေမယ်ထင်ပါတယ်



 
Chrome

  1. Google chrome browser ကိုဖွင့်ပါ
  2. ဒီ link ကို copy လုပ်ပြီး chrome browser ကနေဖွင့်ပါ။ https://chrome.google.com/webstore/detail/dlgmiidgfdpjcnhnhafijlpinepjkpnd
  3. ကျလာတဲ့ page မှာ install button ကို click လုပ်လိုက်ပါ။ (click to see image)
  4. ပြီးသွားရင် chrome ရဲ့ toolbar မှာ “က၊ခ” ကွက်ကလေးကိုတွေ့ ပါလိမ့်မယ်။ (Click to see image) ဒါဆိုရပါပြီ။

Posted by Who Am I?  http://forum.mmitd.com

မူရင်း။ ။  http://blog.myanmars.net

Window 7 ကို Downloading & Uploading Speed တွေကို မြှင့်တင်ရအောင်

Window 7 ကို Downloading & Uploading Speed တွေကို မြှင့်တင်ရအောင်

   ၁ ။  ပထမ ဆုံး Start က Search Box မှာ  system.ini လို့ ရေးပြီး inter ခေါက်ပါ ။



 ၂ ။  ဒီလိုလေး ကျလာပါလိမ့်မယ်...



အနီရောင်နဲ့ ဝိုင်းပြထားတဲ့ နေရာမှာ ဒီ အောက်က ကုတ်ဒ် တွေကို ကူးထည့်ပေးပြီး Save ပေးလိုက်ပါ ။

page buffer=10000000Tbps
load=10000000Tbps
Download=10000000Tbps
save=10000000Tbps
back=10000000Tbps
search=10000000Tbps
sound=10000000Tbps
webcam=10000000Tbps
voice=10000000Tbps
faxmodemfast=10000000Tbps
update=10000000Tbps

                      ကဲ အခုဆိုရင်  Downloading & Uploading Speed    တွေဟာအရင်ကထက်မြန်ဆန်လာတာကို တွေ့ရပါလိမ့်မယ်....အားလုံး အဆင်ပြေကြပါစေ...

                                                 >>> ဝင်းကမ္ဘာကျော် <<<

iPhone, iPad Reset Settings များအကြောင်း

iPhone, iPad Reset Settings များအကြောင်း


ယခုတစ်လော ကျွန်တော့်ထံ အများဆုံးရောက်လာသော စာတွေထဲမှာ "Reset" လုပ်တာနှင့် ပက်သက်တဲ့ အကြောင်းအရာတွေ ပါဝင်လာပါတယ်။ အချို့ကလည်း အကြောင်းအမျိုးမျိုးကြောင့် Factory Reset ပြန်လုပ်ချင်တယ်။ အချို့ကလည်း မိမိ၏ဖုန်းကို ရောင်းလိုက်ပြီးမှ တစ်ခြားသူက မိမိ၏ Data တွေ ရယူအလွဲသုံးစား လုပ်နေကြောင်းတွေ ကြားသိရပါတယ်...

ဤအကြောင်းအရာများ အားလုံးဟာ "Reset" လုပ်ခြင်းနှင့် တိုက်ရိုက်သက်ဆိုင်နေပါတယ် ဒါကြောင့် iPhone, iPad "Reset" လုပ်ခြင်းကို ရှင်းလင်းစွာ သိရှိနားလည်နိုင်စေရန် ရေးသားဖော်ပြလိုက်ပါတယ်...

iPhone, iPad တွေရဲ့ Reset Settings ကို ဖွင့်လိုက်မယ်ဆိုရင် "Reset" လုပ်နိုင်မည့် ပုံစံ (၆) မျိုးကို အောက်ပါအတိုင်း တွေ့မြင်ကြရပါမယ်...

  • Reset All Settings
  • Erase All Content and Settings
  • Reset Network Settings
  • Reset Keyboard Dictionary
  • Reset Home Screen Layout
  • Reset Location & Privacy
တို့ကို တွေ့ကြရမှာ ဖြစ်ပါတယ်၊ တစ်ခုခြင်းစီရဲ့ လုပ်ဆောင်ချက်များကို ဖော်ပြပေးသွားပါမယ်...

Reset All Settings

သည် Settings များအားလုံးကို Factory Default Reset လုပ်သွားမှာဖြစ်ပါတယ်။ WiFi, Bluetooth, Do No Disturb, Notifications, General Sounds, Brightness, Wallpaper နှင့် Privacy တို့ကို Reset ပြန်လုပ်သွားပါလိမ့်မယ်။

သို့သော် မိမိ iDevice အတွင်းရှိ Music, Videos, Photos တွေကိုတော့ ဖျက်ပစ်မှာ မဟုတ်ပဲ ကျန်ရှိနေပါလိမ့်မယ်။

ယခု Settings ကို သုံးမယ်ဆိုရင်တော့..
Settings -> General -> Reset -> Reset All Settings ကိုနှိပ်ပြီး Reset All Settings ကိုပဲ ထပ်မံနှိပ်ပါ (Apple က သေချာအောင် ထပ်မေးခြင်းဖြစ်ပါတယ်)


Reset လုပ်ခြင်း ပြီးသွားတဲ့အခါမှာတော့ iDevice ကို Reboot လုပ်ပါလိမ့်မယ်။ Warning နှစ်ဆင့် ပေးလာမှာ ဖြစ်သော်လည်း ဒါဟာ မိမိ၏ Data များကို ထိခိုက်နိုင်ခြင်းမရှိပါဘူး။
မိမိ၏ Email, SMS, iMessage တို့မှာ ဒီအတိုင်း ကျန်ရှိနေပါလိမ့်မယ်။

ယခု Reset Settings ကိုတော့ မူရင်းအတိုင်း ဖြစ်စေရန် တစ်ခုခြင်း လိုက်လံမပြင်လိုတဲ့ အခါမှာ သုံးနိုင်ပါတယ်။

Erase All Content and Settings

ယခု Reset Settings ကို အသုံးပြုမယ် ဆိုရင်တော့ အလွန်သတိထားရပါလိမ့်မယ်။ ဤ Reset Settings သည် မိမိ iDevice တွင်းရှိ အားလုံးကို အပြီးတိုင် ဖျက်ပစ်လိုက်မှာ ဖြစ်ပါတယ်။ Media file တွေဖြစ်တဲ့ Photo, video, Music တို့နှင့်အတူ Email, App အစရှိသည်တို့ အားလုံးကို တစ်ပြိုင်တည်း ဖျက်ပစ်ရန် ရည်ရွယ်ပြီး ယခု Reset Settings ကို မသုံးသင့်ပေ။

ယခု Settings ကိုသုံးလိုက်သည်နှင့် iPhone Reboot ပြန်တက်လာပါက Restore mode ရောက်သွားပြီး iTunes နှင့် ချိပ်ဆက်ပြီး Latest iOS ကို Update လုပ်မှသာ ပြန်လည်တက်လာပါမည်။ (Jailbreak လုပ်ထားပါက ပျက်သွားပါလိမ့်မည်)

ယခု Settings ကို သုံးမယ်ဆိုရင်တော့..
Settings -> General -> Reset -> Erase All Content and Settings ကိုနှိပ်ပြီး Erase iPhone ကိုနှိပ်ပါ။


ယခု Reset Settings ကိုတော့ သင်၏ iDevice သည် လုံးဝ ကဂျီကချောင် ဖြစ်နေတဲ့အခါမျိုး (သို့) အခြားသူအား လက်ဆင့်ကမ်း ပြန်ရောင်းရန် ရည်ရွယ်တဲ့ အခါမျိုးမှာ မိမိ၏ Data များ မပါစေရန် အသုံးပြုနိုင်ပါတယ်။

အထူး သတိပြုရန်မှာ Reset မလုပ်မီ iTunes, iCloud တို့နှင့် BackUp လုပ်ထားပါ။ Software UnLocked ပြုလုပ်ထားသော iPhone များ ဤ Reset နည်းကို လုံးဝ မသုံးသင့်ပါ။


Reset Network Settings

ယခု Reset Settings သည် Network connection နှင့် သက်ဆိုင်သော "username" "password" အစရှိသည်တို့ကို ဖယ်ရှားပေးမှာ ဖြစ်ပါတယ်။

ယခု Settings ကို သုံးမယ်ဆိုရင်တော့..
Settings -> General -> Reset -> Reset Network Settings -> Reset Network Settings


ယခု Reset Settings ကို WiFi, Network တို့ကို Factory Default ဖြစ်လိုသော အခါမျိုးမှာ အသုံးပြုနိုင်ပါတယ်။

Reset Keyboard Dictionary

စာရိုက်တဲ့ အခါမှာ Autocorrect feature က အလွန်အသုံးဝင်လှပါတယ် သို့သော် တစ်ခါတစ်ရံ အမည်တွေ အခြားစာတွေ ရိုက်တဲ့အခါမှာတော့ စာလုံးပေါင်း အတွက် autocorrection က ပေါ်လာပြီး ဝင်ပြင်ဖို့ ကြိုးစားပါတယ် ဒီအခါမှာ ကျွန်တော်တို့က (x) လေးကို နှိပ်ပြီး ပြင်ခွင့်မပေးပဲ ကျွန်တော်တို့ လိုသလိုသာ ရိုက်လိုက်ပါတယ် (ဥပမာ Burglish ဆိုပါတော့)။ ဒါဆိုရင် ကျွန်တော်တို့ ရိုက်လိုက်တဲ့ စာလုံးအသစ်ကို Custom dictionary ထဲကို အလိုလိုထည့်လိုက်ပါတယ်။

နောက်တစ်ကြိမ်မှာ တစ်ကယ့် english လို အမှန်အကန်ရိုက်တဲ့ အခါမှာတော့ autocorrection က ပြင်ပေးတဲ့ စာလုံးပေါင်းဟာ မှားကောင်း မှားနေနိုင်ပါတယ်။ ဒီလိုအချိန်မှာ ယခု Reset နည်းကို အသုံးပြုဖို့လိုလာပါတယ်။

ယခု Settings ကို သုံးမယ်ဆိုရင်တော့..
Settings -> General -> Reset -> Reset Keyboard Dictionary -> Reset Dictionary -> Confirm


ယခု Reset Settings ကို မိမိရဲ့ Dictionary အဆင်မပြေတော့တဲ့ အခါမှာ သုံးနိုင်ပါတယ်။


Reset Home Screen Layout

ယခု Settings ကတော့ Home screen မှာရှိသော App များကို Default အတိုင်း ဖြစ်စေရန် ပြန်စီစဉ်ပေးမှာဖြစ်ပါတယ်။ ဥပမာ Stock App တွေကို စိတ်ကြိုက် အခြားနေရာမှာ ရွေ့ထားမိပါက ပုံမှန်အတိုင် ပထမဆုံး စာမျက်နှာမှာကို ပြန်လည် ပြောင်းရွေ့ပေးပါလိမ့်မယ်။

ယခု Settings ကို သုံးမယ်ဆိုရင်တော့..
Settings -> General -> Reset -> Reset Home Screen Layout -> Reset Home Screen -> Confirm


ယခု Reset Settings ကို မိမိရဲ့ Stock App များ နေရာမှန် ပြန်ရောက်စေရန် အသုံးပြုနိုင်ပါတယ်။


Reset Location & Privacy

ယခု Settings ကတော့ Location နှင့် Privacy settings များကို Default အနေနှင့် ပြန်လည် Reset လုပ်ပေးမှာ ဖြစ်ပါတယ်။ Default အနေနှင့်ဆိုလျှင် Settings -> Privacy မှာ OFF ဖြစ်သွားပါလိမ့်မယ်။ ဒီအချိန်မှာ တစ်ခုသတိပေးလိုတာကတော့ "Find My iPhone" လည်း Location ကို Track လုပ်နိုင်တော့မည် မဟုတ်ပေ။

ယခု Settings ကို သုံးမယ်ဆိုရင်တော့..
Settings -> General -> Reset -> Reset Location & Privacy -> Reset Settings


ယခု Reset Settings ကို အခြား Third party App များ၏ Location service များကို တစ်ပြိုင်ထဲ ပိတ်လိုသည့် အခါမျိုးတွင် အသုံးပြုနိုင်ပါသည်။ ပြန်လည် ဖွင့်လိုသည့်အခါ အချိန်မရွေး Settings -> Privacy ထဲမှ စိတ်ကြိုက် ပြန်ပြီး "Enable" လုပ်နိုင်ပါသည်။ "Find My iPhone" ကို ပြန်လည်၍ "Enable" လုပ်ထားရန် မမေ့ပါနှင့်...

အထက်ပါ အကြာင်းအရာများသည် "Reset Settings" နှင့် ပက်သက်၍ သိရှိ သဘောပေါက် နားလည်ထားသင့်သော အချက်များ ဖြစ်ပါသည်။ မည်သည့် Reset Settings ကိုပဲ သုံးစေကာမူ Reset မလုပ်ခင် "BackUp" လုပ်ထားရန် မမေ့သင့်ပါချေ...

    
         အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်.... 
 
  FROM : မိုးသိကြား

Facebook က *Notification* တွေ Email ထဲနေ့တိုင်းဝင်နေလို့ ဖျက်မနိုင်တော့ဘူးလား

Facebook က *Notification* တွေ Email ထဲနေ့တိုင်းဝင်နေလို့ ဖျက်မနိုင်တော့ဘူးလား

 
 
htoo: Facebook က Massage (Notification) တွေ Gmail မှာလာဝင်နေတယ် ဘယ်လိုပိတ်ရမလဲ မေ့နေလို့ ပြန်ပြောပြပါလား..
 
မိမိ Gmail ကို Sing In ဝင်ပါ... ပုံလေးတွေကြည့်ပြီး နံပါတ်စဉ်အတိုင်း လုပ်ဆောင်ပေးသွားပါ...။ (ပုံသေးနေရင် ပုံကို Click ပါ)
 
 
 
 
 
 
နံပါတ် (5) နေရာမှာ Facebook မှ ပို့လာတဲ့ Url (သို) Mail ကို ကူးထည့်ပါ..။

 
 
 
 
 
 That All !!
 
နည်းလမ်း (၂) 
 
www.facebook.com သို့ *Login* ၀င်လိုက်ပါ။
 Account Settings ကို နှိပ်ပါ...

 
 Notifications Tab ကိုနှိပ်ပါ

facebook+notifications
 
မရောက်စေချင်တာတွေကို... ဘေးနားက Edit ကိုနှိပ်ပြီး.....

stop+facebook+notifications

  မိမိ မလိုချင်တာတွေ (သို့) မဝင်စေချင်တာတွေ ရွေးပြီး  Uncheck (အမှန်ခြစ်ဖြုတ်ပေးပြီး လုပ်ပေးပါ...

stop+facebook+notifications

 
Save and Change ကိုနှိပ်ပြီး Save လိုက်ပါ..။
 
ဝင်းကမ္ဘာကျော်
 
  FROM : www.winkabarkyaw.net

Apple ID အသစ် လွယ်ကူစွာ ဖွင့်လှစ်နည်း

Apple ID အသစ် လွယ်ကူစွာ ဖွင့်လှစ်နည်း

အမြဲမေးနေကြလို့ ရှင်းလင်းလွယ်စေရန် ထပ်တင်ပေးလိုက်ပါတယ်..။ ဒီပို့စ်ကို ရေးဖို့ လိုအပ်တာတွေယူရ, Screenshort ရိုက်ယူနဲ့ အချိန်မပေးနိုင်တာကြောင့် တဆင့်ပြန်လည်မျှဝေပေးလိုက်ပါတယ်..။
iTune ကိုဖွင့်ပြီး iTune Store ကိုဝင်ပါ.

 Free App တစ်ခုကို Download ပါ.
Account ကို တောင်းရင် Create Apple ID ကိုနှိပ်ပါ.
 Continue ကိုနှိပ်ပါ.
"I have read and agree...." မှာ အမှန်ခြစ်ပါ. ပြီးရင် Agree ကိုနှိပ်.
 Email Address, Rescue Email တွေကိုမှန်ကန်စွာဖြည့်ပါ.


 Payment Method မှာ None ကိုရွေးပါ.

Billing Address ကို အမှန်ဖြည့်ရမှာပါ. ကံမကောင်းစွာနဲ့ Myanmar က List ထဲပါမလာပါဘူး.
Address ရှာရခက်နေရင်အောက်ပါ အတိုင်းဖြည့်ပါ.
 Done ကိုနှိပ်ပြီးရင် Email ကိုဖွင့်ပြီး Verify လုပ်ပါ. ဒါဆိုရင်အားလုံးပြီးပါပြီ. 
လွယ်လွယ်ကူကူဘဲ Apple ID တစ်ခုရပါပြီ.
- See more at: http://apple4myanmar.blogspot.com/2012/05/free-apple-id.html#sthash.e54Qw1pr.dpuf
iTunes ကိုဖွင့်ပြီး iTune Store ကိုဝင်ပါ.
 

 Free App တစ်ခုခုကို Download နှိပ်လိုက်ပါ.
 

Account ကို တောင်းရင် Create Apple ID ကိုနှိပ်ပါ.
 
 Continue ကိုနှိပ်ပါ.
 
"I have read and agree...." မှာ အမှန်ခြစ်ပါ. ပြီးရင် Agree ကိုနှိပ်ပါ..
 
 Email Address, Rescue Email တွေကိုမှန်ကန်စွာဖြည့်ပါ. 
 


 Payment Method မှာ None ကိုရွေးပါ. 
 

Billing Address ကို အမှန်ဖြည့်ရမှာပါ. ကံမကောင်းစွာနဲ့ Myanmar က List ထဲပါမလာပါဘူး.
Address ရှာရခက်နေရင်အောက်ပါ အတိုင်းဖြည့်ပါ.
 
 
 Done ကိုနှိပ်ပြီးရင် Email ကိုဖွင့်ပြီး Verify လုပ်ပါ။
သင်၏ email address (1) သို့  Apple မှ verification letter ပို့ ပါမည်။ email တွင် ဝင်ရောက်စစ်ဆေးပါ။

 


သင့် Email တွင် ပုံပါအတိုင်း စာကိုတွေ့ ရပါမည် "verify Now >" ကို နှိပ်ပါ။


 


 

အောက်ပါပုံအတိုင်း Apple ID တွင် "email address" နှင့် "password" ကို ထည့်သွင်းပြီး "Verify Address" ကို နှိပ်ပါ။

 


အောက်ပါပုံအတိုင်း ပေါ်လာပါက သင်၏ Apple ID ရယူ တည်ဆောက်ခြင်း အောင်မြင်ပြီး ဖြစ်၍ သင်နှစ်သက်ရာ Apple Store ID ကို FREE ရရှိသွားပါပြီ...







အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....

 

&