Thursday, January 15, 2015

ကွန်ပျူတာ ကီးဘုတ်ပေါ်သို့ အရည်များဖိတ်ကျခဲ့ပါက

ကွန်ပျူတာ ကီးဘုတ်ပေါ်သို့ အရည်များဖိတ်ကျခဲ့ပါက



ဟိုတစ်နေ့ကမှ ပူပူနွေးနွေးတွေ့ထားတဲ့ ပြဿနာပါ။ ကော်ဖီသောက်ရင်း စာရိုက်နေတာ ..မျက်လုံးက ကွန်ပျူတာကိုကြည့်ရင်း ကော်ဖီခွက်ကို တိုက်မိကာ ကော်ဖီရည်တွေက Keyboard ပေါ်သို့ဖိတ်စင်ကျသွားပါတယ်.... ဒါက အခန့်မသင့်ရင် ရှော့တွေဖြစ်ပြီး ဓါတ်ပါကူးနိုင်ပါတယ်။ ဒါကြောင့်သတိပြုသင့်တာလေးမို့ မျှဝေပါရစေ

ဒီလိုမျိုး ကွန်ပျူတာကိုသုံးနေစဉ်အတွင်း ကီးဘုတ်ပေါ်ကို အရည်တွေဖိတ်ကျမယ်ဆိုရင် .... ကွန်ပျူတာကိုချက်ချင်းပိတ်လိုက်ပါ။...shutdown လုပ်မယ်ဆိုရင် အရေးအကြောင်းဆိုကြာပါတယ်..ဒါကြောင့် Casing နောက်က ပါဝါပလပ်ကို ဖြုတ်ပစ်လိုက်ပါ။ ဒါမှမဟုတ်လည်း UPS ကခလုတ်ကို ပါဝါဖြတ်ထားလိုက်ပါ။သတိပြုရမှာက UPS ခံထားရင် အိမ်က AC ပိတ်လိုက်ပေမယ့် UPS ကအားနဲ့ ကွန်ပျူတာကပိတ်သွားမှာမဟုတ်ပါဘူး...UPS နဲ့ဆို UPS ကိုပိတ်ဖို့လိုပါတယ်။...ဒီလောက်လိုလို့လားမမေးပါနဲ့။  မဖြစ်တဲ့အခါ မဖြစ်ပေမယ့် ဖြစ်လာနိုင်တဲ့ အန္တရယ်ပါ။ သာဓကတွေလည်း ဖတ်ဖူးပါတယ်။ Keyboard ခေါင်းကို system ကနေဖြုတ်လိုက်ပါ။ ပြောင်းပြန်လှန် အရည်တွေခါချပါ။  .. အ၀တ်သန့်သန့်အခြောက်တို့...ရေမြုပ်တို့သုံးပြီးရှင်းပါ။ ဖျော်ရည်လိုမျိုးဆိုရင် အစေးတွေပါနီင်ပါတယ်။သတိထားရှင်းလင်းပါ။ နောက်ဆုံး လိုအပ်ရင် ရေဆေးပါ။ပြီးရင် ရေငွေ့မကျန်စေဖို့ Hair Dryer နဲ့ဖြစ်ဖြစ် မှုတ်ချပါ။ ပြီးရင် နေပူမဟုတ်တဲ့နေရာမျိုးမှာ အခြောက်ခံထားလိုက်ပါ။ သုံးလေးရက်လောက်ထားလိုက်ပါ။ ပြီးမှပြန်တပ်ကြည့်ပါ။ ပြန်ကောင်းပြန်ဆိုးကတော့ ...  တပ်ကြည့်မှပဲ သိနိုင်ပါမှာ...။ ကျွန်တော် နှစ်ခါလောက်ကြု့ဖူးပါတယ်။။။ အရင်အလုံးကရပြီးတော့ မနေ့က ကောင်ကတော့ ပစ်လိုက်ရပါတယ်။။။ကျွန်တော့လိုကြုံရင် သတိထားဖို့ပါ။
    တဆက်တည်း လက်တော့မှာကြုံရင်လုပ်စရာလေးလည်းရေးချင်ပါတယ်။ လက်တော့ပ်မှာ အရည်ဖိတ်ကျရင်တော့  နောက်ကျောဖက်ကို ချက်ချင်းလှန်လိုက်ပြီးတော့  battery ကိုဖြုတ်လိုက်ပါ။ အားသွင်းးထားရင်ပလပ်ကိုဖြုတ်ပါ။ ...ဘက်ထရီဖြုတ်တဲ့နေရာမှာ lock လေးပါနေရင် အရင်ဖြုတ်ပြီးမှာ ဖြုတ်လို့ရနိုင်ပါတယ် သတိထားပါ။...လက်တော့ပ်မှာတော့ ကိုယ်တိုင် သန့်ရှင်းဖို့ မလွယ်ပါဘူး..အနုစိတ်လွန်းလို့ပါ။  service center ကိုပို့တာအကောင်းဆုံးပါ။...နောက်သတိပြုသင့်တာက ဘက်ထရီပါ..ဘက်ထရီကိုလွတ်ကျမိရင် ချက်ချင်းဘယ်တော့မှ ပြန်မတပ်ပါနဲ့...

ကျေးဇူးတင်ပါတယ်
ပို့စ်ရေးသူ-Hanwai linn (www.sayyoethe.blogspot.com)
www.facebook.com/hanwailinn.hanwailinn

No comments:

Post a Comment