Thursday, January 15, 2015
Samsung Phone က ဘက်ထရီမခံလို့ စိတ်ညစ်နေသူများအတွက်နည်းလမ်း
ဒီနည်းလေးကို သုံးကြလားမသိ ။ ဖုန်းက ဘက်ထရီ ခဏခဏ ကုန်နေသူများအတွက်
အထိုက်လျောက် ပြေလည်စေမယ့် နည်းပါ လက်တွေ့ အနေနဲ့ ကျနော်ကိုယ်တိုင်ပါပဲ
သွားလေရာ အားသွင်းဖို့ Charging ယူ စားသောက်ဆိုင် ကားဂိတ်ပါမကျန် သွင်းရပြီး
အလုပ်ထဲတစ်ခု အိမ်တစ်ခု Charging ထားရတဲ့ ဒုက္ခက အတော်လေး သက်သာပြီ
ဆိုင်က၀ယ်လာတဲ့အတိုင်းသာ မပြင်ရင် ဖုန်းက ခဏခဏအားကုန်တယ်။ အဲ့တော့
အရေးကြောင်းဆို ဖုန်းက အားမရှိဘူး ။ အသည်းသန်ချက်တင်လုပ်နေရပီဆို ကုန်ပီ
ဒီနည်းကတော့ အလင်းကို အဆုံးထိ ထားလို့  မျက်စေ့ထိခိုက်နိုင်တယ် ။ မတတ်နိုင်
ဘယ်နေ့ သေမလဲ မသိတဲ့ဘ၀ အိုရင်မျက်စေ့မွဲမှာ စိုးရိမ်မနေတော့ဘူး ။ ဒီနည်းကို
ကျနော် သုံးပါတယ် ။ 50% မက အားကုန်သက်သာပီး အကြာကြီးသုံးခံပါကြောင်း..။
Brightness အလင်းကို ဖြစ်နိုင်ရင် အနိမ့် အဆုံးထိထားပါ Auto ကို အမှန်ချစ်ဖြုတ်
အသံမသုံးနဲ့  ( ချက်နေစဉ်မှာပြောတာ.ပလုံ..ပလုံက.. က အား ပိုကုန်တယ် )
PACKET DATA/Wifi / GPS and Location services မသုံးသေးရင် မဖွင့်ပါနဲ့ 
အားပြည့်အောင်သွင်းပါ အားသွင်းနေစဉ် မသုံးနဲ့  ( သီချင်း ဖွင့်ရင်ပိုဆိုးတယ်)
Vibration မထားပါနဲ့  အဲ့လောက်ဆို ၀ယ်လာတဲ့အတိုင်းသုံးတာထက် တော်တယ်။
Bluetooth မသုံးရင် ပိတ်ထားလိုက် ။ နောက်ပီး Account Synchronization Off ပါ
ဖုန်းမှာ ဘက်ထရီမှာ အားအစားဆုံးက စကရင် LED အလင်းပါ ။
FROM - မောင်(စွယ်စုံကျမ်း)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment