♪ MPT ဆင်းမ်ကတ်များ ပျောက်ဆုံး၊ ပျက်စီးခြင်းတို့ အတွက် ပြန်လည် လျှောက်ထားခကို ၁,၅၀၀ ကျပ် သတ်မှတ် ♫
MPT က ၎င်းတို့ ရောင်းချထားသည့် ဆင်းမ်ကတ်များ ပျောက်ဆုံး၊
ပျက်စီးခြင်းများအတွက် ပြန်လည်လျှောက် ထားခကို ၁,၅၀၀ ကျပ်သို့
လျှော့ချသတ်မှတ်လိုက်ပြီဖြစ်သည်။
အထက်ပါ ဆင်းမ်ကတ် အစားထိုး လဲလှယ်ခ နှုန်းထားလျှော့ချသည့် အစီအစဉ်သည် MPT မှ ရောင်းချထား သည့် ဆင်းမ်ကတ်များ အားလုံးတွင် အကျုံးဝင်မည်ဖြစ်ကြောင်း သိရသည်။
ယနေ့မှစတင်၍ လဲလှယ်ခနှုန်းထား လျှော့ချ သတ်မှတ်လိုက်သော GSM,WCDMA နှင့် CDMA 800 MHz ဆင်းမ်ကတ်များ ပျောက်ဆုံးခြင်းနှင့် ပျက်စီးခြင်းတို့အတွက် ယခင်က မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသို့ ကျပ် ၂၀,၀၀၀ ပေးသွင်းခဲ့ရပြီး အနည်းဆုံး ရက်သတ္တပတ် တစ်ပတ်ခန့် စောင့်ဆိုင်းခဲ့ရသည်။
ထို့အပြင် ယခင်က ဆင်းမ်ကတ် ပျောက်ဆုံး၊ ပျက်စီးခြင်းများအတွက် အမြန်လိုအပ်သော အသုံးပြုသူများ သည် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသို့ အနည်းဆုံး ကျပ် ငါးသောင်း ပေးသွင်းခဲ့ရသည်။
ယခုကဲ့သို့ ဆင်းမ်ကတ်များ ပျက်စီးခြင်းအတွက် ပြန်လည်လျှောက်ထားရာတွင် သုံးစွဲသူကြောင့်မဟုတ်ဘဲ နည်းပညာနှင့် ပတ်သက်၍ ပျက်စီးခြင်းဖြစ်ပါက အခမဲ့ ပြန်လည်ထုတ်ပေးမည်ဖြစ်ကြောင်း သိရသည်။
Internet Journal

No comments:
Post a Comment